သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် (၄၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

သံဖြူဇရပ် မတ် ၂၉           

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် (၄၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်သာယာရပ်ကွက်ရှိ နန္ဒဝန်ပရိယတ္တိစာသင်တိုက်၌ စာဖြေဌာနဖွင့်လှစ်၍ ယမန်နေ့ နေ့လယ်(၁၂ )နာရီမှ စတင်ဖြေဆိုကြောင်း သိရသည်။

 အဆိုပါစာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အစိုရပါဠိပထမ​ပြန် စာမေးပွဲပထမနေ့၌ ပထမကြီးတန်း(၇၉)ပါး၊ ပထမလတ်တန်း(၈၀)ပါး၊ ပထမငယ်တန်း(၁၇၆)ပါး၊ အခြေပြုမူလတန်း(၃၄၃)ပါး သံဃာ၊ ရှင်သာမဏေ၊ သီလရှင် စုစုပေါင်း (၆၇၈)ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

 ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်၊ ရှင်သာမ​ဏေနှင့်သီလရှင်များ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ သြဝါဒဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဥပထမ္ဘကအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊  မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)