ခရမ်း မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ဆင်မင်းအိုင်ကျေးရွာအုပ်စု၊ ဆင်သာယာကျေးရွာတွင် ၂၀၂၂ -၂၀၂၃ ခုဘဏ္ဍာနှစ် ဘက်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးနှင့်ညီညွှတ်သော သောက်သုံးရေ ရရှိစေရေး၊ ဥပဓိရုပ်ကောင်းမွန်စေရေး၊ တိရိစ္ဆာန်များဝင်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်ခဲ့သော ရေကန်ခြံစည်းရိုး၊ ကာရံခြင်းတံခါး ပေါက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ထားထားနိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပြီးစီးမှုများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းကို တင်ဒါအောင် စိန်တံတိုင်းကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မှီ၍ လေလွင့်မှုမရှိစေရေးလမ်းညွှန် မှာကြားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )