မောင်တော မတ် ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် သံဃာတော်များက ဖြေဆိုလျက်ရှိကြသည်။
မောင်တောမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်၌ နေ့ လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပလျက်ရှိပြီး မောင်တောစာဖြေဌာနတွင် စာဖြေသံဃာ ၁၉ ပါး ဖြေဆိုရန် စာရင်းသွင်းထားပြီး သံဃာတော် ၁၇ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိရာ ၃ မိုင်ပရဟိတဘုန်းတော်ကြီးသင်ကျောင်း ၊မြို့မပရိယတ္တိကျောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်း ၊ဝေသာလီ ကျောင်း စသည့်တို့မှ ဆရာတော်ကြီးများက ကြီးကြပ်၍ သက် ဆိုင်ရာ တာဝန်ရှိ သူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ဖြေဆိုကြသည့် ပထမကြီးတန်း ၊ ပထမလတ်တန်း စာဖြေသံဃာများသည် ဒွေမာတိကာ ဘာသာရပ် ၊ ပထမငယ်တန်း စာဖြေ သံဃာ များသည် ဘိက္ခုပါတိမောက်ဘာသာရပ်နှင့် အခြေပြု မူလတန်း စာဖြေသံဃာများသည် ဝိနည်းကျင့်ဝတ် ဘာသာရပ်များအား ဖြေဆိုလျက်ရှိကြပြီး အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ ဧပြီ ၃ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မောင်တောစာဖြေဌာန မတ် ၂၈ ရက်နေ့တွင် ပထမကြီးတန်း (၂)ပါး၊ ပထမလတ်တန်း(၁)ပါး၊ ပထမငယ်တန်း(၅)ပါး၊ အခြေပြုမူလတန်း(၉)ပါး စုစုပေါင်း ၁၇ ပါးဖြေဆိုလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၉)ရာခိုင်နှုန်း ရှိကြောင်း ခရိုင်သာသနာ့ရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)