မိုးညှင်း မတ် ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ စာသင်သံဃာတော်များ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ၂၀၂၃ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့မွန်းတည့် (၁၂)နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရာတွင် မြို့နယ်သံဃာ့နာယကဆရာတော်ကြီးနှင့် ဩဝါဒါစရိယဆရာတော်ကြီးများက ကြီးကြပ်၍ စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စာရင်းသွင်း (၁၉၆)ပါးရှိသည့်အနက် ဖြေဆို (၁၆၈)ပါး၊ ပျက်ကွက် (၂၈)ပါးရှိပြီး ပထမကြီးတန်းတွင် စာဖြေသံဃာနှင့် သီလရှင် (၁၉)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာနှင့် သီလရှင် (၃၁)ပါး၊ ပထမငယ်တန်းတွင် သံဃာနှင့် သီလရှင် (၃၁)ပါး၊ အခြေပြုမူလတန်းတွင် စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၈၇)ပါး စုစုပေါင်း (၁၆၈)ပါးတို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြေဆိုကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များက စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖြေဆိုနေစဉ် အလှူရှင်များက အချိုရည်များဖြင့် ဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း