ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနား မတ် ၂၉

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံး ဝန်ထမ်းများက မြောက်လွတ်ကုန်း ကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ ရသ စာအုပ်မျိုးစုံ(၂၃၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ် ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့် လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေ အလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ရပ်ကွက်‌/ကျေးရွာ များ အရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် တွင်လည်း မည်သူမဆို အခမဲ့ လာ‌ရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)