အလုံမြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကျင်းပ

အလုံ မတ်လ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ်၊  ဆင်မင်းရက်ကွက်၊ ကွင်းကျောင်းပရိယတ္တိ စာသင် တိုက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ   ပရိယတ္တိစာသင်တိုက် () တိုက်မှ ပထမကြီးတန်း (၄၇) ပါး၊ ပထမလတ်တန်း (၃၇) ပါး၊ ပထမငယ်တန်း (၃၉) ပါးနှင့် အခြေပြုမူလ တန်း (၂၈) ပါး စုစုပေါင်း (၁၅၁) ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါစာမေးပွဲကို မတ်လ ၂၈ ရက်နေ့ မှ ဧပြီလ ၃ ရက်နေ့အထိ () ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း နာယကဆရာတော်များ၊ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များဆွမ်းကွမ်းဝေယျာဝစ္စနှင့် စာဖြေသံဃာတော်များ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သာသနာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးအုပ်မှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)