ကုန်းကြမ်း မတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းဆင့် ဘာသာရပ်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း (ကုန်းကြမ်း)တွင် ကျင်းပခဲ့ရာ အမှတ်(၁၆) ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဉာဏ်လင်းသန်းနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁၆)ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဉာဏ်လင်းသန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းဇော် က သင်တန်းဆိုင်ရာများနှင့် သင်တန်း စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မူလတန်းဆင့် ဘာသာရပ်မွမ်းမံသင်တန်းကို ကုန်းကြမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်ကြီးများ၊ မူလတန်းပြများ ဒုတိယ မူလတန်းပြများနှင့် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ စုစုပေါင်း(၇၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်း နည်းပြ (၅)ဦးတို့က မတ်လ ၂၈ ရက်နေ့ မှ ၃၁ ရက်နေ့ထိ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာကျော်(ကုန်းကြမ်း ပြန်/ဆက်)