မော်လမြိုင် မတ် ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်နှင့် မူးယစ်ဆေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဆိုးကျိုးများ၊ လူထုအကြား မူးယစ်ဆေးဝါးပျံ့နှံ့နေမှု အခြေအနေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ဆရာဘုန်းဇော်မိုး ဥဿာ(စာပေစေတမန်)မှ မူးယစ်ဆေးဝါးဖမ်းဆီးရရှိနေမှု အခြေအနေများ၊ ကျောင်းသားလူငယ်မျာနှင့် ပြည်သူအကြား ပျံ့နှံ့နေမှုအခြေအနေများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရဖွယ် အကြောင်းအရာကဏ္ဍတို့အား အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအဖြစ် ရိုက်ကူးတင်ဆက်ပေးလျက်ရှိရာ အဆိုပါဆွေးနွေးပွဲများကို We Love Mawlamyine Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရှိရသည်။
စည်သူခရိုင်ပြန်/ဆက်