သပိတ်ကျင်းမြို့၌ နွေရာသီအားလပ်ရက် ပိုက်ကျော်ခြင်းခတ်သင်တန်း ဖွင့်လှစ်ပို့ချ

သပိတ်ကျင်း မတ် ၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ပိုက်ကျော်ခြင်းခတ်သင်တန်းကို ယမန်နေ့နံနက်(၇)နာရီက သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပိုက်ကျော်ခြင်းခတ်အားကစားကွင်းတွင် ဖွင့်လှစ်သင်​ကြားပို့ချခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်စေရန်၊ နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားစိတ်ဓာတ်များ ရင့်သန်လာစေရန် ရည်ရွယ်လျက် မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူးပြီး ပိုက်ကျော်ခြင်းနည်းပြ ဦးဇော်လင်းစိုး၊ လက်ထောက်နည်းပြ ဦးဇင်ကိုထွန်းတို့မှ သပိတ်ကျင်းမြို့ပေါ်ရှိ ကျောင်းသားလူငယ်(၁၂)ဦးတို့အား ပိုက်ကျော်ခြင်းခတ်နည်းစနစ်များအား အခြေခံနည်းစနှစ်များမှ စတင်၍ စနှစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုက်ကျော်ခြင်းခတ်သင်တန်းကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ ( ၁၀)ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)