တွံတေး၌ မြို့နယ်အဆင့်မူလတန်းဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြုလုပ်

တွံတေး       မတ်       ၂၉

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီး၊ တွံတေးခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးကကြီးမှူးဖွင့်လှစ်သော မြို့နယ်အဆင့်မူလတန်းဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀:၃၀ နာရီက တွံတေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တွံတေးမြို့နယ်၊ မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကပညာရေးမြှင့်တင်ပေးမှုကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ အဓိကလူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးလာစေဖို့ ကျေးလက်ဒေသနေ ကျောင်းနေအရွယ်ကလေးတွေရဲ့ ပညာရေးအားနည်းမှုကို အထူးအလေးထား ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် မူလတန်းပညာရေးကို မသင်မနေရအဖြစ် ပြဠာန်းထားရာ ပြောင်းလဲလာသည့် ခေတ်အခြေအနေနှင့် နည်းပညာလိုအပ် ချက်အရ KG+9 အထိ မသင်မနေရအဖြစ်သတ်မှတ်၍ ပညာရေးကို မြှင့်တင်လျက်ရှိပါကြောင်း၊ KG+9 အလယ်တန်းဆင့်ပြီးမြောက်အောင်မြင်ပြီးတဲ့နောက်မှာ ပညာဆက်လက်သင်ယူမည့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ အခြေခံပညာအထက်တန်းဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာ၊ မွေးမြူရေးအတတ်ပညာဟူ၍ ပညာရေးလမ်းသွယ် ၄ မျိုးအနက် တစ်မျိုးမျိုးကိုရွေးချယ်သင်ယူနိုင်ကြမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အသိပညာများပိုမိုတိုးတက်စေရေး၊ သင်ကြားသင်ယူမှု အရည်အချင်းများတိုးတက်စေရန်၊ အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ် ဖြစ်ထွန်းစေရေးအတွက်

ဘာသာရပ်ဆိုင်ရာများတွင် ကျောင်းသား၊ ကျောင်းသူများ၏စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်များ ပိုမိုတိုးတက်စေရေးသင်ယူမှုအရည်အချင်းများ တိုးတက်မြင့်မားပြီးအရည်အသွေးရှိသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ယခုဆွေးနွေးပွဲသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ဒုတိယမြို့နယ်ပညာရေးမှူး ဦးနန်းဦးကသင်တန်းဖွင့်လှစ်ရခြင်းနှင့် ဘာသာရပ်များမွမ်းမံသင်ကြားပေးခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြဆရာ/ဆရာမ(၈၀၂)ဦးကို နည်းပြဆရာ၊ ဆရာမ(၅၄)ဦးက သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၂၈ ရက်မှ ၃၁ ရက်နေ့ထိ(၄)ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

တွံတေးသား