မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ​ပေး Talk Show အစီအစဥ်ရိုက်ကူးထုတ်လွှင့်

မင်္ဂလာတောင်ညွန့် မတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဥ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

အသိပညာပေး Talk Show အစီအစဥ်တွင် မီးလောင်မှုစတင်ဖြစ်ပွားစေနိုင်သည့်အချက်များ၊ လျှပ်စစ်အသုံးပြုခြင်းဖြင့် မီးလောင်မှု အန္တရာယ်ကင်းဝေးစေရန် လိုင်နာဆောင်ရွက်သင့်သည့် အချက်များ၊ အထပ်မြင့်အဆောက်အဦတွင် နေထိုင်ကြသည့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကိုမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက ဦးကျော်သူဟိန်း ဦးစီးအရာရှိနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဌေးလင်းဦးတို့က ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါ Talk Show အစီအစဥ်များအပြင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် အစီအစဥ်များကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့စာကြည့်တိုက် facebook page က တစ်ဆင့် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)