မိုးကုတ် အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဆန္ဒမဲ ပေးနိုင်ရေး အတွက် မဲရုံအသီးသီးတွင် လုံခြုံရေးတာ ဝန်ထမ်းဆောင်ကြမည့် အထူးရဲများအတွက် လေ့ကျင့်သင်တန်းပေးသည့် သင်တန်း ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းက ၂၀၂၀ပြည့်နှစ်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေအထွေထွေရှေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်နှင့်မဲဆန္ဒရှင် ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲများခန့်အပ်ရခြင်းဖြစ်ပြီး သင်တန်းတက် ရောက်နေချိန်တွင် တပ်ဖွဲ့၀င်များနည်းတူ လစာနှင့် ရိက္ခာများကို ခံစား ရမည်ဖြစ်ပြီး အထူးရဲများ အနေ ဖြင့်သင်ကြားပို့ချမှုများအပေါ် စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန် အစရှိသဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအထူးရဲသင်တန်းဖွင့်ပွဲအခမ်းအ နား သို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမိုးဦး၊ရဲတပ် ရင်း(၁၄) တပ်ရင်းမှူး ရဲမှူးကြီးဖြိုးဝေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်၀င်း ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့နယ်ရဲတပ်ဖွဲ့ ၀င်များ တက်ရောက် ခဲ့ကြပြီး အဆိုပါ သင်တန်းကို အောက်တို ဘာလ(၁)ရက်နေ့မှအောက်တိုဘာလ (၂၈)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း သား(၁၄၄)ဦး ကိုလေ့ကျင့်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)