မိုးညှင်း မတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အခြေခံပညာမူလတန်း မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာမူလတန်းမြို့နယ်အဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းကျော်က သင်တန်းစည်းမျဥ်းစည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို သင်တန်းနည်းပြ (၂၆)ဦးဖြင့် သင်ကြာပို့ချသွားမည်ဖြစ်၍ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံမူလတန်းအဆင့် ဆရာ/ဆရာမ စုစုပေါင်း ၈၀၀ ကျော်တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၂၈)ရက်မှ (၃၁)ရက်ထိ လေးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း