သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲအတွက် စတင်ပြင်ဆင်

မိုင်းယောင်း  မတ်  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ဂုဏ်ပြုပူဇော်ပွဲအတွက် ယနေ့တွင် ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)တပ်ဦးကျောင်း၌ စတင်ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) တပ်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ မဟာထေရ်အရှင်မြတ်အား ဂုဏ်ပြုပူဇော်သည့် အခမ်းအနားကို ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုပူဇော်ပွဲတွင် သိက္ခာထပ်အလှူတော် မင်္ဂလာ အခမ်းအနားနှင့် သိမ်ဆင်းလောင်းလှူပွဲ၊ မန္တလေးစောင်းပညာရှင် စောင်းအိအိမွန်အဖွဲ့မှ မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်(ညပိုင်း) ဧည့်ခံဖျော်ဖြေပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စိုင်းအောင်ဇော်လင်း