တန့်ယန်းမြို့နယ်တွင် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

တန့်ယန်း မတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ မွမ်းမံသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးက သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားကာ ဘာသာရပ်ဆိုင်ရာ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၃၂၀ ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲမှာ မတ်လ ၃၁ ရက် နေ့အထိ ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)