မြင်းခြံမြို့တွင် နွေရာသီ (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းဖွင့်လှစ်

မြင်းခြံ မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် နွေရာသီ (အခမဲ့) စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယခုသင်တန်းဖွင့်လှစ်ရခြင်းကတော့ ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်အချိန်မှာ အချိန်ကိုအကျိုးရှိစွာ အသုံးနိုင်ရန်အတွက် စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ ကျောင်းသား/ ကျောင်းသူများ အတန်းစာမေးပွဲများ၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များအကြောင်းကို စာစီစာကုံးရေးသားနိုင်ရန်နှင့် စာစီစာကုံး ရေးသားနည်းမှတဆင့် ဆောင်းပါးဝတ္ထုတိုများအထိ ရေးသားနိုင်စေဖို့ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း" ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောကြားခဲ့ပါသည်။

အဆိုပါ နွေရာသီ (အခမဲ့) စာစီစာကုံးရေးသားနည်းကို (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၂၂)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။                                                               

ကျော်စွာ(မြင်းခြံ)