ပင်လောင်းမြို့၌  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

ပင်လောင်း မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်း မရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ရုံးများသို့ စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

အဆိုပါ စာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့်စာအုပ်များကို စုံလင်စွာငှားရမ်းပေးလျက်ရှိပြီး ထိုသို့ ငှားရမ်းပေးခဲ့သော စာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)