မြစ်ကြီးနား မတ် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီက စတင်ကျင်းပလျက်ရှိသည်။
၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား သန့်ရှင်းစင်ကြယ်စွာဖြင့် အောင်မြင်ချော့မွေ့စွာ ကျင်းပနိုင်ရေး ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာဖြေခန်း စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စားမေးပွဲကြီးကြပ်ရေး လူပုဂ္ဂိုလ်များက တာဝန်ယူကြီးကြပ်တော်မူကာ မတ် ၂၈ ရက်နေ့တွင် မြန်မာစာဂုဏ်ထူးတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် မူလတန်းများမှ ဆရာတော်သံဃာတော်များနှင့် သီလရှင် ဆရာကြီး/ဆရာလေး (၂၃၆) ပါး ကြွရောက်ဖြေဆို တော်မူခဲ့ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာ မေးပွဲကို မတ်လ ၂၁ ရက်မှ မတ်လ ၃၀ ရက်နေ့ထိ လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်အထိ လည်းကောင်း နေ့စဉ် ဘာသာရပ်အလိုက် စစ်မေးတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)