ကျောက်ပန်းတောင်း မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီကာလ၊ ကလေးများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်အတွက်၊ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို၊ မတ်လ (၂၈) ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင် သင်ကြားပေးသွားမည့် အခြေခံပန်းချီရေးနည်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာ ဦးဘုန်းသစ်စံက အခြေခံပန်းချီရေးနည်း ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များနှင့် ဆောင်ရန်/ရှောင်ရန်များ၊ လူမျက်နှာပုံရေးဆွဲနည်းနှင့် အိမ်မွေးတိရစ္ဆာန် ရေးဆွဲသည့် အခြေခံနည်းများကို လက်တွေ့ရေးဆွဲသင်ကြားပြသပေးသည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမတွင် မေလ(၂၈)ရက်နေ့မှ စတင်၍ ဧပြီလ(၃)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ(၁၀)နာရီအထိ၊ (၇)ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းသို့ ဈေးကွက်သစ်ရပ်ကွက်နှင့် လွတ်လပ်ရေးရပ်ကွက်များမှ စိတ်ပါဝင်စားသူ ကလေးငယ်(၁၅)ဦး တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)