ဖားကန့်မြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပ

ဖားကန့် မတ် ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ ၂၈ရက် မွန်းတည့်(၁၂)နာရီက ဖားကန့်မြို့ ကျောက်စိမ်းတွင်းသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ၂၀၂၃ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲသို့ ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းသွင် (၁၅၁)ပါး ဖြေဆို (၁၂၉)ပါး ပျက်ကွက် (၂၂) ပါးဖြစ်ပြီး စာမေးပွဲတွင်ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းဘာသာတို့ကို မတ်လ ၂၈ ရက်မှ ဧပြီလ(၃)ရက်ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကျင်းပရာတွင် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက စာဖြေဆိုရဟန်း၊ သာမဏေနှင့် သီလရှင်ဆရာလေးများ အဆင်ပြေချောမွေ့စွာ စာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ် စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

စာမေးပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းနှင့် အလှူရှင်များမှ ပထမအကြိမ် လှူဒါန်းငွေ စုစုပေါင်း ကျပ် ၃၃ သိန်း ၃သောင်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်