မိုးကောင်း မတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို မတ်လ(၂၈)ရက်နံနက် (၉)နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က သင်တန်းနှင့် ပတ်သက်၍ မူလတန်းအဆင့် သင်ဆရာ၊ ဆရာမများ သင်ယူမှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် အမှာစကားပြောကြားသည်။
သင်တန်းကို သင်တန်းနည်းပြ (၁၈)ဦး၊ သင်တန်းသားမူအုပ်(၇၃)ဦး၊ မူပြ/ဒုမူပြ/လက် ထောက်မူပြ ဦးရေ (၄၄၁)ဦးဖြင့် မတ်လ(၂၈)ရက်မှ (၃၁)ရက်တွင်း နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ဘာသာရပ်အလိုက် ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)