မင်္ဂလာဒုံမြို့နယ်၌ အခြေခံပညာ(မူလတန်း)မြို့နယ်အဆင့် စွမ်းရည်မြှင့် ဘာသာရပ် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မင်္ဂလာဒုံ မတ် ၂၈

ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃၊ ပညာသင်နှစ် အခြေခံပညာ(မူလတန်း) မြို့နယ်အဆင့် စွမ်းရည်မြှင့်ဘာသာရပ် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပကြောင်း သိရှိရသည်။

အခမ်းအနားတွင် ရန်ကုန်မြောက်ပိုင်း ခရိုင်ပညာရေးမှူး  ဒေါ်သင်းသင်းမြိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်းက (မူလတန်း)ဆင့် စွမ်းရည် မြှင့်မွမ်းမံ သင်တန်းဆိုင်ရာ လမ်းညွှန်ချက်များကို ပြောကြားခြင်းနှင့် ဒုတိယပညာရေးမှူး ဦးသန်းချစ်အေးက သင်တန်းစည်းမျဉ်း၊စည်းကမ်းများကို အသီးသီးရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ မူလန်းကျောင်းအုပ်ဆရာ၊ ဆရာမများကဗဟိုအဆင့်၊ တိုင်းအဆင့်တွင် ဘာသာရပ်အလိုက် သင်ကြားခဲ့သည့် နည်းပြသင်တန်းဆင်း ဆရာ၊ ဆရာမ(၂၀) ဦးတို့က ဘာသာရပ်အလိုက် ​ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖြစ်ပြီး ထိုသင်တန်းတွင် မြို့နယ်ရှိအခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာ၊ဆရာမများ၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများ စုစုပေါင်း(၆၀၆)ဦးတို့ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ )