လားရှိုး မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး၊ ဒေါ်အုန်းဆန်းက သင်တန်းဖွင့်လှစ်ရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ ဆရာမ(၉၅၀)ဦး တက်ရောက်လျက်ရှိပြီး သက်ဆိုင်ရာ ဘာသာရပ်နည်းပြများမှ သင်တန်းကာလ(၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)