မိုင်းပျဉ်း မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ၊ အခြေခံပညာဦးစီးဌာန၊ မူလတန်းဆင့် စွမ်းရည်မြင့်မားရေး သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဇီဝကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က မူလတန်းဆင့်စွမ်းရည်မြင့်မားရေးသင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မူလတန်းဆင့်စွမ်းရည်မြင့်မားရေး သင်တန်းဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေးကြရာ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့ထိ (၄)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မူလတန်းဆင့်စွမ်းရည်မြင့်မားရေး သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် မူလတန်းဆင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၁၇၀) ဦး တက်ရောက်ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)