မုံးထ မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့ရှိဒေသခံများသည် ကြက်သွန်ဖြူ၊ နှမ်းနက်၊ ပြောင်း၊ စပါးနှင့် မွေးမြူရေးတို့ကို မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုကြရာ ယခုနှစ်စတော်ဘယ်ရီစမ်းသပ်စိုက်ပျိုးမှုမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မုံးထမြို့၊ ရပ်ကွက်(၃)မှ တောင်သူဦးစိုင်းနွံခေး၏ လယ်မြေတွင် စတော်ဘယ်ရီစမ်းသပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ရာ စားသုံးသူများအနေဖြင့် လတ်လတ်ဆတ်ဆတ် ဝယ်ယူစားသုံးနိုင်ပြီး စတော်ဘယ်ရီသီးများကို သဘာဝအတိုင်းစားသုံး၍ အဆင်သလို၊ ဖျော်ရည်အဖြစ်သောက်သုံး၍ရနိုင်ပြီး စတော်ဘယ်ရီသီးတွင်ပါဝင်သည့် အမျှင်ဓာတ်သည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သောကြောင့် ဆီးချိုသမားများ အတွက်စားသုံးရန်သင့်တော်သည့် အသီးတစ်မျိုးဖြစ်ပြီး မုံးထမြို့ရှိ ဒေသခံများသည် တောင်သူဦးစိုင်းနွံခေး လယ်မြေမှထွက်ရှိသည့် စတော်ဘယ်ရီသီးများ ကြိုက်နှစ်သက်ကြသောကြောင့် တစ်ကီလိုလျှင်ငွေကျပ်(၅၀၀၀)ခန့် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)