ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်မူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ ဘာသာရပ် မွမ်းမံသင်တန်းဖွင့်လှစ်

ဆွမ်ပရာဘွမ် မတ် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်မူလတန်းအဆင့် သင် ဆရာ၊ ဆရာမများ ဘာသာရပ်မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာ ရေးမှူး ဒေါ်သီတာဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ လိုအပ်ချက်များကို လည်းကောင်း၊ မြို့နယ်ဒု-ပညာရေးမှူး ဦးပီစီကောလ်က သင်တန်းချိန်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များ ကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ၄ ရက်ကြာ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသို့ ဆွမ်ပရာဘွမ်မြို့နယ် KG တန်းမှ Grade-5 သင်ဆရာ၊ ဆရာမများ စုစုပေါင်း(၄၃)ဦး တက်ရောက် မည်ဖြစ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ သင်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)