မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စကားပြော သင်တန်း (အခမဲ့)ဖွင့်လှစ်

မဟာအောင်မြေ မတ် ၂၈

ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များနှင့် အင်္ဂလိပ်စာစကားပြော ဝါသနာပါသူများ စု‌ပေါင်း၍ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလုပ်ခွင်ဝင်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊  အင်္ဂလိပ်စာ၊အင်္ဂလိပ်စကား‌ပြောသည် အလွန်ပင်အရေးကြီးသော ဘာသာစကား တစ်ခုဖြစ်ကြောင်း၊ အင်္ဂလိပ်စာသည် လူတိုင်း လေ့လာသင်ယူသင့်သော ဘာသာစကားတစ်ခုဖြစ်ကြောင်း စသည့်အကြောင်းအရာများနှင့် တစ်ဦးတစ်ယောက်ချင်းစီ အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာ စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စကား‌ပြောသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ဆက်လက်ပြီး အင်္ဂလိပ်စကား‌ပြောသင်တန်းပို့ချသူ ဆရာ ကြီးဦးအောင်ထွန်းထွန်း (ဟာမိုနီ)က အင်္ဂလိပ်စာတွင် အရေးကြီးသော မြန်မာသဒ္ဒါပိုင်းအခြေခံ၊ အင်္ဂလိပ်စာစကား ကျွမ်းကျင်မှုရှိ စေရန်အတွက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ဒုတိယဦးစီးမှူး ဦးညီဝင်းသူနှင့် သင်တန်းသား/သူများ၏ မိဘများ တက်ရောက်အားပေးခဲ့ပြီး သင်တန်းကာလကို ၂၈-၃-၂၀၂၃ ရက် နေ့မှ ၁-၄-၂၀၂၃ ရက် နေ့ အထိ (အခမဲ့) သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် စုစု ပေါင်း သင်တန်းသား/သူ(၁၇)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း