သီပေါမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲကျင်းပနိုင်ရန် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်

သီပေါ မတ်၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ ပြုလုပ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွှဲ (၁)နာရီက စာမေးပွဲကျင်းပပြုလုပ်မည့် မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများက မဟာသာသနာ့ဗိမာန် တော်ကြီး အတွင်းအပြင်သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များအား ရောင် တော်ဖွင့်ခြင်း၊ စာဖြေခုံများသယ်ယူခြင်း၊ ခင်းကျင်းစီတန်းဆောင်ရွက်ခြင်း၊ ကော်ဇောအခင်းများ ခင်းခြင်း၊ သံဃာတော်များ နားနေရန် အခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရန်တို့ကို စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်းနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ (၂၈) ရက်နေ့မှ  ဧပြီလ (၃)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)