ညောင်ဦးမြို့နယ်  မီးသတ်စခန်းနယ်မြေများအလိုက် သောက်သုံးရေများ လှူဒါန်း

ညောင်ဦး  မတ်  ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် နယ်မြေမီးသတ်စခန်းများမှ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် နယ်မြေမီးသတ်စခန်းများမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံကသိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)၊တောင်ကုန်းရပ်ရှိ ရွှေတောင်ကုန်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားလျက်ရှိသည့် စေတီတော်မြတ်ကြီးအတွက် သုံးရေအဆင်ပြေစေရေး တတိယအကြိမ် မြောက် ရေဂါလံ ၁၆၀၀ လှူဒါန်းခြင်း၊ ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ ကန်တိန်ကျေးရွာ အုပ်စု၊ ကန်တိန်ကျေးရွာနေ အိမ်ထောင်စု (၃၀၅)စု၊ လူဦးရေ (၁၈၀၀)အတွက် သောက်သုံးရေ ဂါလံ (၁၆၀၀)အား သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ငါ့သရောက်နယ်မြေမီးသတ် စခန်းမှ  စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သော မီးသတ်ဝန်ထမ်းများက ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း၊ သောက်သုံးရေခက်ခဲလျက်ရှိသော ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ်မှ မြေနီကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့လည်း သောက်သုံးရေ အကူအညီတောင်းခံလာမှုကြောင့် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ တပ်ကြပ်ကြီး နေလင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ သောက်သုံးရေဂါလံ (၁၆၀၀)အား အသီးသီးသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း