မိုင်းခတ် မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်ကစစ်ဗျူဟာ (အခြေချ)(မိုင်းခတ်) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသောရဲဘော်များအား အလေးပြုပြီးသစ္စာအဓိဌာန် (၄) ချက်ကိုရွတ်ဆိုခဲ့ကြကြောင်းသိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်ထံမှ၂၀၂၃ခုနှစ် (၇၈) နှစ်မြောက်တပ်မတော် နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာဇာထွန်းက ဖတ်ကြားပြီးအခမ်းအနားသို့ တက်ရောက်လာသူများ က စစ်ရေးပြပွဲအခမ်းအနားကို ကြည့်ရှုအားပေးရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်အားဖြန့်ဝေခဲ့သည်။
အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်း နှင့်ဇနီး၊မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်စိုး၊ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနပြည်သူ့စစ်တပ်ဖွဲ့ဝင် များ၊ တပ်ရင်းတပ်ဖွဲ့မှ စစ်သည်ရဲမေများ၊ မိုင်းခတ် မိုင်းယန်းမှမြို့မိမြို့ဖများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်၍ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး စစ်ဗျူဟာမှူးကြီးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက် )