ချီဖွေ မတ် ၂၈
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို မတ် ၂၈ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်သန္တာအေးက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးကြည်နွယ်က ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ သင်တန်းသို့ ချီဖွေမြို့နယ်အခြေခံပညာ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ (၂၅၁) ဦးတို့ တက်ရောက်ခဲ့ပြီး နည်းပြဆရာ၊ ဆရာမ (၁၆) ဦးတို့က သက်ဆိုင်ရာဘာသာရပ်အလိုက် အခန်း (၈) ခန်းတွင် အဖွဲ့လိုက် ဆွေးနွေးပို့ချကြရာ သင်တန်းကာလမှာ မတ်လ (၂၈) ရက်မှ မတ်လ (၃၁) ရက်နေ့ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယော်ကိ