ပုသိမ်ကြီး မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ community centre ခန်းမတွင် နွေရာသီ အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ပန်းချီပန်းပု အစည်းအရုံးဥက္ကဋ္ဌ ဦးနေလင်းက မြန်မာမှုအနုပညာများဖြစ်သည့် ပန်းဆယ်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သော ပန်းချီပညာ၏ အခြေခံမှာ ပုံဆွဲခြင်းပင်ဖြစ်ကြောင်း၊ ပုံဆွဲအတတ်သည် အခြေခံပန်းချီဆွဲနည်း ဖြစ်ကြောင်း အစရှိသည်များ၊ သင်တန်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
နွေရာသီ အခြေခံပန်းချီသင်တန်းကို မတ်လ ၂၇ရက်နေ့မှ စတင်ပြီး တစ်လကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းသား စုစုပေါင်း (၄၀)ဦး တက်ရောက်လျက်ရှိကာ၊ နေ့စဉ် နေ့လည် ၂နာရီမှ ညနေ ၄နာရီ ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို၊ ပုသိမ်ကြီး