ညောင်ဦး မတ် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားဘုရားဖူး ပြည်သူတစ်ရက်လျှင် လူဦးရေရှစ်သောင်းကျော်ခန့် လာရောက်ဖူးမြှော်လျက်ရှိပါကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူး ဦးစီးဌာန(ပုဂံ)ရုံးခွဲတာဝန်ရှိသူများထံက သိရသည်။
ရုံးသုံးရက်ဆက်ပိတ်ခြင်းနှင့်အတူ နွေရာသီကျောင်းပိတ်ရက်အတွင်း ပုဂံ-ညောင် ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွား ဘုရားဖူးပြည်သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများ၊ သာသ နိကအဆောက်အအုံများ၊ အပန်းဖြေဆင်စခန်းတို့တွင် ခရီးသွားများဖြင့် စည်ကားနေကြောင်း အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ကပြောကြား၍ သိရသည်။ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ ရောက်ရှိလာကြသည့် ခရီးသွားဘုရားဖူးများသည် ဘုရားဈေးတန်းများ တွင်ရောင်းချနေသည့် ပုဂံသမိုင်းစာအုပ်များ၊ ပုဂံသုတေသနစာအုပ်များ၊ ပုဂံသမိုင်းရုပ်ပြ စာအုပ်များဝယ်ယူမှုများပြားလျက်ရှိကြောင်း၊ အီးဗိုက်များဖြင့် အဖွဲ့လိုက်ငှားယူစီးနင်းမှု များပြားလျှက်ရှိသလို လက်ရေးပန်းချီဆွဲသူများလက်မလည် လက်အလှပန်းချီရေးဆွဲသူ များပြားလျှက်ရှိကြောင်း၊ ဆုတောင်းပြည့်ဘုရား ငါးဆူရှိသည့် ရွှေဆံတော်ဘုရားရှိ ဆု တောင်းပြည့်ဆင်းတုဘုရား၊ တာမဏီသိမ်ကျောင်းရှိ ဆုတောင်းပြည့်ဆင်းတု၊ ဓမ္မရာဇက ဘုရားရှိ ဆုတောင်းပြည့်ဆင်းတုနှစ်ဆူ၊ လောကနန္ဒာဘုရားရှိ ဆုတောင်းပြည့်ဆင်းတု တော်တို့တွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားနေပြီး ရွှေသင်္ကန်း ကပ်လှူသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင် ကရဘုရားများအပြင် နံရံဆေးရေးပန်းချီရှိသည့် ဘုရားများ၊ ဗိသုကာလက်ရာလေ့လာလိုသူများ၊ ပါဠိစာ၊ မင်စာလေ့လာလိုသူများလည်း ပုဂံဘုရားများတွင် လေ့လာသူများပြားလျက်ရှိကြကာ စားသောက်ဆိုင်များ၊ အဝတ်အထည်ရောင်းချလျက်ရှိသည့် ဆိုင်များ၊ ပုန်းရည်ကြီး အရောင်းဆိုင်များ၊ ပုဂံအမှတ်တရရောင်းချလျက်ရှိသည့် ဆိုင်များ၊ မြင်းလှည်းအငှား လိုက်သူများ၊ မီနီအိုးဝေအငှားလိုက်သူများ၊ ပြည်တွင်းခရီးသွားဧည့်လမ်းညွှန်များနှင့် ဟိုတယ်၊မိုတယ်၊ တည်းခိုခန်းများ နေ့စဉ်ခရီးသွားဧည့်သည်များဖြင့် လုပ်ငန်းများပြန်လည် လုပ်ကိုင်နေကြရပြီး မိသားစုဝင်ငွေများလည်း ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း