ဖားကန့် မတ် ၂၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ ဥရုရတနာ ခန်းမဆောင်၌ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို ယနေ့ နံနက်(၈)နာရီခွဲက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာမူလတန်းအဆင့်သင် ဆရာ၊ ဆရာမများအတွက် ဖွင့်လှစ်ပေးသော ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးနွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်းကို မတ်လ (၂၈) ရက် မှ (၃၁)ရက်နေ့အထိ (၄)ရက်ကြာ ပို့ချသင်ကြားသွားမည်ဖြစ်ပြီး ဖားကန့်မြို့နယ်အတွင်းမှ အခြေခံမူလတန်းအဆင့် ဆရာ၊ဆရာမ စုစုပေါင်း (၄၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)