သာစည်မြို့လူထုအခြေပြုဗဟိုဌာန စာဖတ်ဝိုင်း၌ သုတရသစာပေအကြောင်း ဆွေးနွေး

သာစည် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ လစဉ်ပြုလုပ်မြဲဖြစ်သော ရသလမ်းဆုံ စာဖတ်ဝိုင်း၌  ယမန်နေ့ နံနက် ၁၀ နာရီက သုတရသ စာပေအကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရသလမ်းဆုံ စာဖတ်ဝိုင်းတွင် တက်ရောက်လာသူများအား စာရေးဆရာဆူးဖြူက  သုတရရှိသော စာပေနှင့်ရသစာပေ အကြောင်းများကို ခွဲခြားရှင်းလင်းပြောကြားပြီး လူထုအခြေပြုဗဟိုဌာန၌   ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆရာဦးမြတ်ကို ကလောင်အမည် ကာတွန်းလူ မင်းအောင်ကစာပေများကို မပြတ်ဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းဖြင့် အတွေးအခေါ်များ တိုးတက်ကောင်းမွန်လာပြီး ပန်းချီဆွဲရာတွင် များစွာအကျိုးရှိကြောင်းတို့ကို ပြောကြားသည်။ ဆက်လက်ပြီး စာရေးဆရာဝေးရင့်သီက စာဖတ်ဝိုင်းဆိုသည်မှာ ခံစားပြီး အမြင်ခြင်း ဖလှယ်ကာ  အပြန်အလှန်ဆွေးနွေးကြခြင်းဖြစ်ကြောင်း ဒါ့ကြောင့်တက်ရောက်လာသူများက နားထောင်ရုံမဟုတ်ပဲ ဝင်ရောက်ဆွေးနွေးကြရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချကြရန်၊ စာရေးဆရာအလင်းချို (သာစည်)က  social media များ အသုံးပြုရာတွင် မိမိတို့အတွက် အကျိုးရှိစေမည့် အရာများကို လေ့လာသင်ယူတတ်ကြရန်လိုကြောင်းနှင့် စာဖတ်စေလိုကြောင်း တို့ကိုဆွေးနွေးသည်။ အဆိုပါ  ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာ ဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအား မျှဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  စာဖတ်ဝိုင်းသို့   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ   ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများ၊ ပန်းချီသင်တန်းနှင့် English Grammar သင်တန်းတက်နေသော ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)