ငပြောင်မြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၀)ဧက အတွက် စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေနိုင်ပြီဖြစ်

ကျောက်ဆည် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  ငမြောင်မြောင်း၏ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ(၄၀၀)ဧကအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေနိုင်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် ကုလကျေးရွအနီး ငမြောင်မြောင်း၏ ပေတိုင်အမှတ်(၁၂+၂၀၄)ရှိ ရေကျအဆောက်အအအုံတစ်ခုဖြစ်ပြီး နှစ်ကာလကြာမြင့်လာပြီဖြစ်သဖြင့် အဆောက်အအုံ၏ အထက်ပိုင်းနှင့် အောက်ပိုင်းကြမ်းပြင်များနှင့် မြောင်းနှုတ်ခမ်းကျောက်ဆလံများ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ပေးရခြင်းဖြစ်ကြောင်းနှင့်  ပြင်ဆင်သည့်လုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေ (၃၅.၀၀၀)ကျပ်သန်းဖြင့် ပြန်လည်ပြုပြင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ပေးသဖြင့် စိုက်ပျိုးသီးနှံဧက (၄၀၀)အတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် ပြည့်ဝစွာ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများပေးဝေရာတွင် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါပြီး သီနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ညီညွတ်မျှတစွာ ပေးဝေနိုင်ရေး ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ရမည့် မြောင်းများ၊ ပြွန်များနှင့် ရေမြှင့်အဆောက်အအုံများ၊ ရေကျအဆောက်အအုံများ၊ မြောင်းရေလျှံထွက်ပေါက်များနှင့် မြောင်းကြမ်းပြင်များအား ပြန်လည်တူးဖော် ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)