ဝိုင်းမော်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဝိုင်းမော် မတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲကဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၊ အခြေခံပညာမူလွန်(မခေါယန်)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိအမှတ် (၁၂) လူကုန်ကူးမူတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဒုရဲမှူးလှိုင်စိုးက ကျေးရွာအတွင်း လူမှောင်ခို/ လူကုန်ခြင်း မရှိစေရေး၊ ပြည်သူလူထုအတွင်း လူကုန်ကူးမှုဆိုင်ရာများ အသိပညာပြန့်နှံ့စေရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများအား အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရေးဟူသော ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြစ်ကြီးနားမြို့ရှိ အမှတ်(၂)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ ဒုရဲမှူးထွန်းမြဦးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စိတ်မှ ရဲအုပ်သောင်းရွှေတို့က မူးယစ်ဆေးဝါး အသိပညာပေးအကြောင်းအရာကိုလည်းကောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးကိုလည်းကောင်း အသီးသီးအကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့‌နောက် ဝိုင်းမော်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာမွန်နှင့် အဖွဲ့ဝင်များက မူးယစ်‌ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမူတာဆီးကာကွယ်စောင့်ရှောက်ရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် ဆပ်ပြာမုန့်များကို တက်ရောက်လာသော‌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖနှင့်ဒေသခံပြည်သူ(၁၁၀)ဦးခန့်ကို ဝေငှခဲ့သည်။

ဖြူစင် (ပြန်/ ဆက်)