တနိုင်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

တနိုင်း မတ် ၂၇

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို ပုံပြောပြိုင်နှင့် ပန်းချီ ပြိုင်ပွဲကို မတ်လ ၂၅ ရက်နေ့ ညနေ (၃)နာရီက ပြန်ကြားရေးနှင့် ပြညသူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားခြင်းနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ ပန်းချီနည်းပြဆရာ ဦး​ကောင်းထက်လွင်က အမှတ်​ပေး စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထိုနောက် ပြိုင်ပွဲများဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်(၃၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့တွင်  တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ပန်းအိ(ပြန်/ ဆက်)