အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်းတို့ကို သင်ကြားလေ့ကျင့်ပေး

ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လုပ်ငန်းအဆင်ပြေချောမွေ့စေရန်နှင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်းနှင့် စွန့်ပစ်နည်း သင်ကြားလေ့ကျင့်ပေးခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ မိုးမိုးမြင့်၊ သားဖွားဆရာမ ဒေါ်အိဝါလှိုင်၊ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်လင်းလင်းမိုးစံတို့က Quarantine Center ထားမည့်နေရာများ၌ ပါဝင်ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ပြင်ဆင်ရမည့်အချက်များ၊ စနစ်တကျ သန့်ရှင်းရေး ဆောင်ရွက်ရမည့် အချက်များနှင့် PPE ဝတ်စုံကို စနစ်တကျ ဝတ်ဆင်ရန် ချွတ်နည်း နှင့်စွန့်ပစ်နည်းစသည်တို့ကို သင်ကြား လေ့ကျင့်ပေးခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)