သိန္နီ အောက်တိုဘာ ၂
သိန္နီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်စာရင်းရရှိစေရန် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကြေညာကပ်ထားပြီဖြစ်သည်။
အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြေညာကပ်ထားမည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများက ကြည့်ရှုပြီး လိုအပ်ပါက အမည်စာရင်းထည့်သွင်းရန် တောင်းဆိုခြင်း၊ လျှောက်ထားခြင်း၊ ကန့်ကွက်ခြင်းနှင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သတ်မှတ်သည့်ပုံစံ ဖြည့်စွက်ဆောင်ရွက်နိုင်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မရှုံးဆုံးစေရေးအတွက် မဲစာရင်း လာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်း သိရသည်။
ဖိုးချို-ပြန်/ဆက်