ဒေါပုံမြို့နယ်တွင် အသက်(၈၀)နှစ်မှ အသက်(၈၅) နှစ်အောက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာလ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ဒေါပုံ အောက်တိုဘာ ၂

ကိုဗစ်-၁၉ ရောဂါကာလ အသက်(၈၀)နှစ်မှ အသက် (၈၅)နှစ်အောက် အဘိုးအဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ  ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လမုတန်း ရပ်ကွက်၌ ယမန်နေ့နေ့လယ် (၁၂) နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ပေးအပ်ရာတွင် လမုတန်းရပ်ကွက်ရှိ  အသက်(၈၀)နှစ်မှ အသက်(၈၅)နှစ်အောက် ဘိုးဘွား(၁၂) ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် အသက် (၈ဝ)နှစ်မှ အသက်(၈၅)နှစ်အောက် ဘိုးဘွား (၃၆၆) ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၉၈၀၀၀၀) ကျပ်ကို ရပ်ကွက်(၁၄) ရပ်ကွက်တွင် ထောက်ပံ့ပေးအပ်လျက်ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သဲစုစုလွင် (ပြန်/ဆက်)