တာချီလိတ် မတ် ၂၆
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဆေခမ်းလမ်းမကြီး အရှည်(၅၀၀၀)ပေ၊ အကျယ်(၃၆)ပေ၊ ထု (၁၀)လက်မ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ လမ်းမုဒ်ဦးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လမ်းအလှူရှင် Robust Friendly Market Company မှ တာဝန်ရှိ ဦးဇော်ဇော်က လှူဒါန်း ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဆေခမ်းရပ်ကွက်မှ ရပ်မိရပ်ဖ ဦးနန်တစ်ပ်က ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က လမ်းအလှူရှင် Robust Friendly Market Company မှ တာဝန်ရှိသူအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး လမ်းအလှူရှင်က လမ်းနှင့် ပတ်သက်သော စာရွက်စာတမ်းများအား မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးခွန်ဇော်ဦးနှင့် အင်ဂျင်နီယာမှူး ဦးရဲထွန်းထံသို့လည်းကောင်း၊ လမ်းဖွင့်ပွဲ အထိမ်းအမှတ် တံဆိပ်များအား တာဝန်ရှိသူများထံသို့လည်းကောင်း လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ အင်ဂျင်နီယာမှူးကြီး ဦးစိုးသန်း၊ ဦးဇော်ဇော်နှင့် တာဝန်ရှိသူတို့က ကွန်ကရစ်လမ်းသစ်ကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းမကြီး တစ်လျှောက်လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ဆေခမ်းလမ်းမကြီးသည် ယခင်က (၁၈)ပေအကျယ်သာရှိသော ကတ္တရာလမ်းဖြစ်ပြီး မိုးတွင်းကာလ ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် လမ်းမကြီးမှာ သွားလာ၍ မရတော့သည်အထိ ပျက်စီးခဲ့သဖြင့် ကွန်ကရစ်လမ်းအဆင့် မြှင့်တင်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၏ ဦးဆောင်မှုဖြင့် Robust Friendly Market Company က လှူဒါန်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ငွေကျပ် (၁၈၄၀)သန်း ကုန်ကျခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)