ဆီဆိုင်မြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်

ဆီဆိုင် အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းကို ယမန်နေ့ နံနက် နာရီခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆီဆိုင်မြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းခန်းမနှင့် ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ် အခြေခံပညာ အထက်တန်းကျောင်းခန်းမတို့၌ နှစ်နေရာခွဲ၍ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက္ကဋ္ဌ ဦးအောင်ကျော်နိုင်တို့က အမှာစကားပြောကြားကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့မှာ အထွေထွေရွေးကော်ပွဲကြီးကို နိုင်ငံတဝှမ်းလုံးမှာ တပြိုင်နက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်သည့်အချိန် သက်ဆိုင်ရာ မဲဆန္ဒနယ်ပယ်အသီးသီးမှာရှိသည့် မဲရုံတွေမှာ လုံခြုံရေးတာဝန် ချထားဖို့ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်သည့်အတွက် အခုလို အထူးရဲများရွေးချယ်ခန့်ထား လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းက ပိုချပေးလိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် မှတ်သားဖွယ်ရာများ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ ဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ဟန်ချက်ညီညီအဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် လိုအပ်ကြောင်း ပြောကြားသည်။     

သင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် မှတ်သားသင့်သည့်အချက်များ၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ၊ ပြစ်မှုအမျိုးအစားနှင့်ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲအက်ဥပဒေ၊ ရဲလက်စွဲဥပဒေ၊ လူ့အခွင့်အရေးဥပဒေနှင့်သိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာဥပဒေနှင့် သတင်းမီဒီယာကျင့်ဝတ်၊ ပြည်သူထူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်နှင့် ရဲကျင့်ဝတ်ဘာသာရပ် စသည်များကို သင်တန်းနည်းပြ ဦးဖြင့် အောက်တိုဘာ ရက်မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဆီဆိုင်မြို့နယ်တွင် ရက်ကွက်()ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၃၂၁)ရွာအတွက် မဲရုံ(၉၃)ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၀၅၀၉၉)ဦးရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)