မိုင်းယောင်းမြို့၌ ကျွန်းနက်ဗုဒ္ဓရုပ်ပွားတော် ပူဇော်ကိုးကွယ်နိုင်ရန် ရေစက်ချလှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

မိုင်းယောင်း မတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော်မြတ်များ ပူဇော်ကိုးကွယ်နိုင်ရန် ရေစက်ချလှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။

၅၄ လက်မရှိ အဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်နှင့် ၇၂ လက်မရှိ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှစ်ဆူကို နေပြည်တော်မှ ဦးဇော်ဝင်း+ဒေါ်နုနုဝင်း မိသားစု၊ မိုင်းယောင်းမြို့မှ ဦးစိုင်းထွန်း+ဒေါ်နန်းအေးအေးဝင်း မိသားစုနှင့် ပြည်ကျော်ဟိန်း ကျောက်မျက်ရတနာကုမ္ပဏီလီမိတက်နှင့် ညီနောင်မိတ်ဖက်ကုမ္ပဏီများက လှူဒါန်းပြီး အမှတ်(၄)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး၌ ကိန်းဝပ်စံပယ် ပူဇော်ကိုးကွယ်ထားကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း