လယ်ဝေး မတ် ၂၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ အင်တိုင်းသာကျောင်းတွင် မတ်လ ၂၁ ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲစတင်ဖြေဆိုလျက်ရှိသည်။
လယ်ဝေးမြို့ အစိုးရဓမ္မာစရိယစာမေးပွဲစာစစ်ဌာနသည် ယခုနှစ်တွင်ပထမဆုံးစတင်ဖွင့်လှစ်ဖြေဆိုခြင်းဖြစ်ပြီး မတ်လ ၂၁ ရက်မှ ၃၁ ရက်နေ့အထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိဖြေဆိုမည်ဖြစ်သည်။ ယနေ့ ဓမ္မသင်္ဂဏီပါဠိအဌကထာတွင် သံဃာတော်နှင့် သီလရှင် ၇၉ ပါးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကြီးကြပ်ဆရာတော်များ၊ သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆွမ်းများနေ့စဉ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဝေကြည်( ပြန်/ဆက် )