မိုးနဲ မတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စာစစ်ဌာနတွင် အစိုးရပါဠိပထမပြန် စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် ဥယျဉ်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ယနေ့နံနက် ၈ နာရီအချိန်က ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာမေးပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူများက လိုအပ်သော ပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် မိုးနဲမြို့နယ်၊ လင်းခေးမြို့နယ်၊ မောက်မယ်မြို့နယ်နှင့် မိုင်းပန်မြို့နယ်များမှ ပထမကြီးတန်းတွင် သံဃာ ၈ ပါး၊ ပထမလတ်တန်းတွင် သံဃာ ၁၂ ပါး၊ ပထမငယ်တန်းတွင် သံဃာ ၂၄ ပါး၊ အခြေပြုမူလတန်းတွင် သံဃာ ၁၃ ပါး စုစုပေါင်း သံဃာ ၅၇ ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားပြီး ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)