မိုးညှင်း မတ် ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်ပြပွဲတွင် တပ်မတော်နေ့နှင့်ပတ်သက်သည့် စာအုပ်များနှင့် အခြားသောအသိပညာဗဟုသုတများရရှိစေမည့် သုတစာအုပ်များ စုစုပေါင်း(၁၅၀)အုပ်ကို ခင်းကျင်းပြသရာ စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် လူငယ်လူရွယ်များမှ စိတ်ပါဝင်စားစွာ လာရောက်ဖတ်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ထို့နောက် တပ်မတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မိုးညှင်းမြို့နယ်အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.က(ခွဲ)နားခါနှင့် အ.လ.က(မြို့မ)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း