ဝိုင်းမော်မြို့နယ်၌ သမဝါယမအသင်းစုချုပ်ပိုင် ဆီကြိတ်စက်လည်ပတ်မှု ကွင်းဆင်းစစ်ဆေး

ဝိုင်းမော်         မတ်    ၂၆

ကချင်ပြည်နယ်သမဝါယမအသင်းစုချုပ် ပိုင်ဆိုင်သည့် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ဆီကြိတ်စက်လည်ပတ်နေမှုအား ယမနနေ့ နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကချင်ပြည်နယ် သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက ဆီကြိတ်စက်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေးကာ စက်ရုံတာဝန်ခံနှင့် စက်ရုံလုပ်သားများ၏ လိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် သမဝါယမကဏ္ဍမှ ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဖွင့်လှစ် ထူထောင်ထားရှိပြီး စိုက်ပျိုးရေးတောင်သူများအား ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ ဆီထွက်သီးနှံများအား ဒေသတွင်းရှိ ဆီကြိတ်စက်များတွင် ကြိတ်ခွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီများရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြူစင်