မွန်ပြည်နယ် ရေးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်သော ဌာနဝန်ထမ်းများနှင့် ပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ရေး     အောက်တိုဘာ          ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ရက်နေ့တွင် ကျ ရောက်သည့်  (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၌ မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ စွမ်စွမ်း တမံ ပူးပေါင်းပါဝင်သော ဌာနဝန်ထမ်းများနှင့် ပြည်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက အဖွင့်အမှာစကား ပြော ကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးဦးသိန်းဇော်က ရေးမြို့နယ်ရဲတပ်ဖွဲ့နှင့်အတူပူးပေါင်း၍ အမှု မှန်များ ပေါ်ပေါက်အောင် စွမ်းစွမ်းတမံ ဖော်ဆောင်ပေးသည့် ဝန်ထမ်းများနှင့် ပြည်သူ များအား ဂုဏ်ပြုခြင်းနှင့် အမှတ်တရလက်ဆောင် ပေးအပ်ရသည့်အကြောင်း ပြောကြား ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်ရဲမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ် တရ လက်ဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)