ဒလ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်နည်းပညာအကြောင်း အသိပညာပေး(Talk Show) ကို ယမန်နေ့ နေ့လည်(၃)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးကျော်စည်သူ အငယ်တန်းစာရေး (အင်အားပြ)က (Talk Show) ဆွေးနွေးပွဲတွင် လူငယ်တွေဟာနည်းပညာကို ဘာကြောင့်လေ့လာသင့်တာလဲ၊ ဘယ်လိုနည်း ပညာကိုဉီးစားပေးလေ့လာသင့်ပါသလဲ၊ လူငယ်တွေနည်းပညာကိုလေ့လာ ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ စသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ (Book Club) အဖွဲ့ဝင်ဒေါ်ဟေမာန်နှင်းက လူငယ်နှင့်နည်းပညာအကြောင်းအား အကျယ်တဝင့်ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး (Talk Show) များ၊ဟောပြောပွဲများ၊စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများ စသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိ စေရန်အတွက် Onlineမှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု (Talk Show) အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်(ပြန်ဆက်)